ကျိန္တလီမြို့၌ အသက်(၄၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပဉ္စမနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျိန္တလီ         အောက်တိုဘာ  ၆

 

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပဉ္စမနေ့ဆက်လက်ထိုး နှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမစုရပ်၌ ယမန်နေ့နံနက် ၉ နာရီ အချိန်မှညနေ(၃) နာရီအချိန်ထိ အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၃)ရပ်ကွက်၊ စေတီကွင်း ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာအုပ်စုတို့မှ အသက်(၄၅)နှစ် အထက်ပြည်သူများအား ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံရာနေရာသို့ ရောက်ရှိလာသောပြည်သူများအား လူစုလူဝေးမဖြစ် ပေါ်စေရေး အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များက မိမိတို့ကျေးရွာများမှ ကာကွယ် ဆေးထိုးနှံ ရန်ရောက်ရှိလာသော အသက်(၄၅)နှစ်ပြည်သူများကို အမှတ်စဉ်နံပါတ်များ ပေးအပ်ထားပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများကကာကွယ်ဆေး ထိုးနှံရာနေရာသို့ တစ်ယောက်ချင်း အမှတ်စဉ် နံပါတ်များအားခေါ်ယူပြီး  ကာကွယ်ဆေးထိုး နှံပေးလျက်ရှိကြောင်းသိရသည်။  

 

ဆက်လက်၍ ကျိန္တလီနယ်မြေရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များက  ဆေးလာ ရောက် ထိုးနှံသူများအား ကူညီလုပ်ကိုင်ဆောင်ရွက် ပေးလျက်ရှိပြီး အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၃) ရပ်ကွက် ၊ စေတီကွင်းကျေးရွာအုပ်စု ၊ သဲကုန်းကျေးရွာအုပ်စုတို့မှ အသက်(၄၅)နှစ် အထက်ပြည်သူ (၁၄၆)ဦး ၊ သံဃာ(၃)ပါး ၊ နိုင်ငံ့ဝန်ထမ်း(၁)ဦး ၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၃)ဦး ၊ ဈေးသည်(၁၂၅)ဦး၊ စေတနာ့ဝန်ထမ်း(၂)ဦး ပြည်သူစုစုပေါင်း(၂၈၀)ဦးတို့အား  ထိုးနှံပေးနိုင် ခဲ့ကြောင်းသိရသည်။

 

ခိုင်မိုးမင်း