ကျွန်းစုမြို့တွင် “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ကျွန်းစု အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစု မြို့နယ် ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အောက်တိုဘာလ (၄) ရက်နေ့နှင့် (၅) ရက်နေ့က ကမ်းကြီးကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀) နှစ်ပြည့် နိုင် ၃(က) (၆၀)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က) (၅၀)ဦး၊ လဲလှယ်(၁၆)ဦး၊ မိတ္တူ(၁၀)ဦး၊ စုစုပေါင်း(၁၃၆)ဦးနှင့် သာမန်ရွှေ့ ပြောင်း အိမ်ထောင်စု(၁၇)စု၊  ယာယီရွှေ့ပြောင်း အိမ်ထောင်စု(၅)စုတို့အား ပန်းခင်းစီမံချက် ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)