သတင်းများ

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၃၄၄၈)ဦး ထိရှိလာပြီး သေဆုံး သူ ၂  ဦး ထပ်မံသေဆုံး
Oct 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိကွင်းဆင်းခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ထိ အတည်ပြုလူနာ (၃၄၄၈)ဦး ထိရှိလာပြီး ယမန်နေ့က (၂) ဦးထပ်မံသေဆုံးခဲ့ ကြောင်း မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ကျောက်မဲမြို့တွင်အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့ကျက်သရေဆောင် ခန်းမနှင့် ကွန်ဖြူးရှပ်ကျောင်းတို့၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဦးမြို့တွင် ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) တတိယအသုတ် ပထမအကြိမ် စတင်ထိုးနှံပေး
Oct 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အနော်ရထာခန်းမ တွင် ယနေ့နံနက် ၉နာရီ အချိန်မှ စတင်ပြီး ညနေ ၃ နာရီအချိန်အထိ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသည့် သံဃာတော်များ၊ အသက်၆၅နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အသက်၅၅နှစ်မှ ၆၄နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ကို တတိယအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်၌ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို စုရပ်( ၇ )နေရာများတွင် ဆဌမမြောက်နေ့ အဖြစ်ထိုးနှံ
Oct 07,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက်(၅၅)နှစ် အထက်ပြည်သူများ၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်း ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ နှင့် ပရဟိတအဖွဲ့များအား ယနေ့နံနက် ( ၉ ) နာရီမှ စတင်ကာ စုရပ်(၇) နေရာတို့၌ ဆဌမမြောက်နေ့အဖြစ်ထိုးနှံပေးလျက်ရှိသည်။
နမ္မတူတွင် ကိုဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများအား ပထမသုံးလပတ်အတွက် ထောက်ပံ့ငွေများပေးအပ်
Oct 07,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဏာရေးနှစ်၊ ပထမသုံးလပတ် MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက် ကလေးများအား  ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏    ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက် ဗီနိုင်းပိုစတာစိုက်ထူပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Oct 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုပြုလုပ်ပေးလျက်ရှိရာပန်းခင်းစီမံချက်အကြောင်းပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ဗီနိုင်းပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
၂၀၂၁ ခုနှစ် မိုးစပါးရာသီတွင် ကန့်ဘလူခရိုင်၌ တစ်ဧက တင်း ၁၀၀ နှင့်အထက်ထွက်ရှိရေး စံပြကွက်များ ရွေးချယ်စိုက်ပျိုးထားရှိ
Oct 07,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၁ ခုနှစ် မိုးစပါးရာသီ၌ တစ်ဧက တင်း ၁၀၀ နှင့်အထက်ထွက်ရှိရေး စံပြကွက် ဧက ၆၀ ကိုရွေးချယ်ပြီး စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Oct 07,2021
ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက် ပြန့်ပွားမှုလျော့ကျလာစေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဖွဲ့စည်းပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊  ပင်းတယမြို့၌ ရောဂါကူးစက်မှုပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေး ကျန်းမာရေးအတွက် အောက်တိုဘာလ(၆)ရက်က အင်းငယ်ကျေးရွာအတွင်း လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ကြသည်။