နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၃၄၄၈)ဦး ထိရှိလာပြီး သေဆုံး သူ ၂  ဦး ထပ်မံသေဆုံး

နောင်ချို     အောက်တိုဘာ    ၇ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိကွင်းဆင်းခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ထိ အတည်ပြုလူနာ (၃၄၄၈)ဦး ထိရှိလာပြီး ယမန်နေ့က (၂) ဦးထပ်မံသေဆုံးခဲ့ ကြောင်း မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ကျန်းမာရေး ဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိသူများနှင့်ထိ တွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများကို  ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့ကြပြီး  ကျန်ရှိဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာ များသို့ ဆက်လက် ကွင်းဆင်း၍စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိပြီး ယမန်နေ့က လူပုဂ္ဂိုလ်(၇၂)ဦး စစ်ဆေးခဲ့ရာ လူပုဂ္ဂိုလ်(၃၃)တို့တွင် ရောဂါးပိုးတွေ့ရှိခဲ့ပြီး နောင်ချိုမြို့နယ် အနေဖြင့် အောက်တိုဘာလ(၆)ရက်နေ့ထိ အတည်ပြုလူနာ(၃၄၄၈)ဦး၊သေဆုံးသူ(၄၃)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၃၂၀၇)ဦး၊ ကုသမှုခံယူနေဆဲ (၁၉၈)ဦး ရှိကြောင်း၊ ပိုးတွေ့လူနာများ၏နေ အိမ်ပတ်ဝန်းကျင်များအား အသွားအလာ ကန့် သတ်ထားရှိ၍ လူမှုရေးအသင်းအဖွဲ့များမှ ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါအမြန်ဆုံး ကွင်းဆက်ပြတ်တောက်နိုင်စေရန် ရည်ရွယ်၍ ရပ်ကွက်၊ကျေးရွာများအရောက် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 ထွေးငယ်၊(ပြန်/ဆက်)