သံဖြူဇရပ် အောက်တိုဘာ ၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက်(၅၅)နှစ် အထက်ပြည်သူများ၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်း ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ နှင့် ပရဟိတအဖွဲ့များအား ယနေ့နံနက် ( ၉ ) နာရီမှ စတင်ကာ စုရပ်(၇) နေရာတို့၌ ဆဌမမြောက်နေ့အဖြစ်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်ထားသည့် စုရပ်( ၇ ) နေရာဖြစ်သည့် အထက(၁)၊ ကျိုက္ခမီကဇာတ်ရုံ၊ကျုံကဒတ် အထက၊ အနင်းတိုက်နယ်ဆေးရုံ၊ ထင်းရူးတိုက်နယ်ဆေး ရုံ၊ ဝဲခမိတိုက်နယ် ဆေးရုံ ၊ ကရုပ္ပိတိုက်နယ်ဆေးရုံ တို့၌ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ် ဆေးထိုးနှံသူပေါင်း ( ၄၄၉၀) ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာ စုရပ်အသီးသီးရှိနေရာများသို့ မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး ကာကွယ်ဆေးထိုးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ နှင့်လူမှုရေးအသင်းအဖွဲ့များအား လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သီတာဝင်း (ပြန်/ဆက်)