သတင်းများ

ဘားအံမြို့ခရဲ(ကမ်းနား)ကျေးရွားအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Oct 08,2021
ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးမှ ယမန်နေ့ နံနက်ပိုင်းက ခရဲ(ကမ်းနား)ကျေးရွာအုပ်စု၌ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း
Oct 08,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလနှင့် ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်၊ ပဲ၊ ဆား အမယ် ငါးမျိုးနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးနိုင်ရေး အသိပေး နှိုးဆော်
Oct 08,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်
ပင်လယ်ပျော်ဆလုံတိုင်းရင်းသားများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Oct 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျေးရွာအုပ်စု၊ ဇာဒက်ကြီးကျွန်း၊ တလွန်းဆလုံတိုင်းရင်းသား ကျေးရွာမှ ဆလုံတိုင်းရင်းသားများအား အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်း က ကော့သောင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး သွားရောက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မချမ်းဘော့မြို့၌ မန်ဂျန်ရှားသစ်ပင်စိုက်ခင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Oct 08,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ မလိခကြိုးတားမြို့အ၀င် မန်ဂျန်ရှားသစ်ပင် စိုက်ခင်းအား စုပေါင်းသန့်ရှင်းရေး ကိုယနေ့နံနက် ၇နာရီကဆောင်ရွက်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်း
Oct 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာနက
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ စသည့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Oct 08,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် သဲကုန်းမြို့နယ်အတွင်းရှိ ဘုန်း‌တော်ကြီးကျောင်း များသို့ ယနေ့နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ကာလအတွင်း သဲကုန်း​မြို့နယ်အတွင်းရှိ ပရဟိတကျောင်းများ၊ စာသင်တိုက်များ၊ တရားဓမ္မရိပ်သာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ စသည့် လှူဖွယ်ပစ္စည်းများအား သွားရောက် လှူဒါန်းခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ပခုက္ကူ-ကမ္မ-ပေါက်ကားလမ်း ပခုက္ကူမြို့နယ် ကန်တော်ချောင်း ရေကျော်၍ ကားလမ်း ယာယီပိတ်
Oct 08,2021
ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မ-ပေါက်ကားလမ်းပေါ်ရှိ ကန်တော် ချောင်းရေကျော် ချောင်းရေများ ကျ‌သဖြင့်‌ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က ကားလမ်းယာယီပိတ်မှု ဖြစ်ပွားသည်။