နမ္မတူတွင် ကိုဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများအား ပထမသုံးလပတ်အတွက် ထောက်ပံ့ငွေများပေးအပ်

နမ္မတူ အောက်တိုဘာ ၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဏာရေးနှစ်၊ ပထမသုံးလပတ် MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက် ကလေးများအား  ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏    ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

ထို့သို့ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်နှင့် တာဝန်ရှိသူများက မြို့ပေါ် (၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၁)အုပ်စုတို့မှ ကိုယ်ဝန်ဆောင်မိခင် (၄၉၈)ဦး၊ နှစ်နှစ်အောက်ကလေး (၄၁၃)ဦး စုစုပေါင်း (၉၁၁)ဦးတို့အတွက် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) ပထမသုံးလပတ်အတွက် တစ်ဦးလျှင် ငွေကျပ် (၄၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၄၀၉၉၅၀၀၀)ကျပ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ/ စာရေးဝန်ထမ်းများမှ တစ်ဆင့်ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်ထံက သိရသည်။

လူမော် (ပြန်/ဆက်)