ကန်ကြီးထောင့် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပြုလုပ်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်အကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ဗီနိုင်းပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ လ.ဝ.က မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများက ပုသိမ်-ရန်ကုန်ကားလမ်းဘေး ကန်ကြီးထောင့်မြို့ အဝင်လမ်းဆုံ၌ ဗီနိုင်းပိုစတာ အား အမွှေးနံ့သာရည်များ ပက်ဖျန်းစိုက်ထူပေးသည်။ ထို့နောက် ဝန်ထမ်းများက ပန်းခင်းစီမံချက်အသိပညာပေး လက်ကမ်းစာစောင်၂၀၀ အား ခရီးသွားပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများကို မေလ ၃ရက်နေ့မှစ၍ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ရှိခြင်းဖြင့် ပြည်သူများ၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာရေး၊ ပညာရေးစသည် လူမှုစီးပွားဘဝမြှင့်တင်နိုင်စေ နိုင်မည်ဖြစ်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)