သတင်းများ

ရန်ကင်းမြို့နယ်တွင် အသက်(၅၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) များထိုးနှံ
Oct 07,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရား လမ်းရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာဗိမာန်‌ တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်၌ Online မှတဆင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Oct 07,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း စာကြည့်တိုက်သို့ စာအုပ်များ လာရောက် ငှားနိုင်ခြင်းမရှိသည့် ကျောင်းသားလူငယ်မောင်မယ်များနှင့် စာဖတ်ဝါသနာရှင်များ အသိပညာ ဗဟုသုတပိုမို ရရှိစေရန်ရည်ရွယ်၍ Online မှတဆင့် အသိပညာပေးခြင်းလုပ်ငန်းများ နေ့စဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် လှည့်လည်နှိုးဆော်
Oct 07,2021
မင်္ဂလာဒုံမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသော ဝန်ထမ်း များ၊ ပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် အတွက် မြို့နယ်ကြက်ခြေနီအဖွဲ့မှ လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးပထမအကြိမ် ဆက်လက်ထိုးနှံပေး
Oct 07,2021
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉း၀၀)နာရီအချိန်က အ.ထ.က(၁) ပညာရတနာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉‌ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေ
Oct 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာဒုတိယအသုတ်(ဒုတိယအကြိမ်)ကို (၇၇၀၀)ကျော် လာရောက်ထိုးနှံခဲ့ပြီး၊ ယခုတတိယအသုတ် (ပထမအကြိမ်)ကို (၁၅၀၀၀)ကျော် ထိုးနှံပြီးစီးပြီဖြစ်ပြီး ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
နယ်စပ်ဖြတ်ကျော်နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက် လျက်ရှိ
Oct 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယနေ့ နံနက် ၉:၁၅နာရီအချိန်က နယ်စပ်ဖြတ်ကျော်တရားမဝင်​နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများပြန်လည် ဝင်ရောက် လာကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်အချက်များအား ကျေးရွာ အရောက် လိုက်လံ အသိပေးနှိုးဆော်လျက်ရှိ
Oct 07,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကိုယနေ့နံနက်(၉)နာရီအချိန်တွင်ရှမ်းကုန်းကျေးရွာသို့ကရင်၊ မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော် ခဲ့ကြောင်းသိ ရသည်။
မြဝတီမြို့၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Oct 07,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။