ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ် တတိယနေ့ ဆက်လက်ထိုးနှံပေး
Oct 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေ၊ ရပ်ကွက်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုနှံပေးရာ ဦးတည်အုပ်စုများတွင် အသက် ၅၅ နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများက သတ်မှတ်စုရပ်များတွင် ပထမအကြိမ် တတိယနေ့ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။