မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 07,2021
မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်အသက်၅၅နှစ်နှင့်အထက်ပြည်သူများနှင့် ဦးစားပေးအုပ်စု အလိုက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြစ်သားမြို့လုပ်အားကြေးမုံခန်းမနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ စုရပ် အဖြစ်သတ်မှတ်၍ နေ့စဉ် နံနက် (၉)နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။