ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ပင်းတယ အောက်တိုဘာ  ၇

ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက် ပြန့်ပွားမှုလျော့ကျလာစေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဖွဲ့စည်းပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊  ပင်းတယမြို့၌ ရောဂါကူးစက်မှုပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေး ကျန်းမာရေးအတွက် အောက်တိုဘာလ(၆)ရက်က အင်းငယ်ကျေးရွာအတွင်း လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တာရာယ် ဆိုင်ရာစီမံခန့်ခွဲမူ့ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး၊ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များဖြစ်တဲ့ တက်နိုင်သမျှမိမိတို့ အိမ်ထဲမှာသာနေထိုင်ကြရန်၊ အပြင်သို့ထွက်ပါကမဖြစ်မနေ Mask တပ်ဆင်သွားရန်၊ လူစုလူဝေးရှောင်ကြဉ်ကြရန်၊ ကိုဗစ် ရောဂါကူးစက်ပြန့်ပွားမူလျော့ကျစေရေး ပြည်သူများက ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းချက်များကို အလေးထား လိုက်နာကြရန်၊ အလှည့်ကျရရှိသောကာကွယ်ဆေးသည်မိမိအတွက်အကောင်းဆုံးဖြစ်၍ကာကွယ်ဆေးထိုးနှံခြင်းကိုအကြိမ်ပြည့်ခံယူပါ၊ကာကွယ်ဆေးထိုးနှံပြီးသော်လည်းကာကွယ်ရေးနည်းလမ်းများကိုဆက်လက်လိုက်နာကြရန် စသည်တို့အား အသံချဲစက်များဖြင့် အသိပေးနှိုးဆော်ပြီး လက်ကမ်းစာစောင်များနှင့် mask များကိုလည်းအခမဲ့ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူများအား ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းကို အခြားသော ကျေးရွာများသို့လဲ ကွင်းဆင်း၍အရှိန်အဟုန်မြင့် ဆာင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

မိုးမိုးထွေး