ကန့်ဘလူ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၁ ခုနှစ် မိုးစပါးရာသီ၌ တစ်ဧက တင်း ၁၀၀ နှင့်အထက်ထွက်ရှိရေး စံပြကွက် ဧက ၆၀ ကိုရွေးချယ်ပြီး စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၁ ခုနှစ် မိုးရာသီတွင် မိုးစပါး တစ်ဧက တင်း ၁၀၀ နှင့်အထက်ထွက်ရှိရေးအတွက် ကန့်ဘလူမြို့ နယ်တွင် ကျေးရွာ ၁၁ ရွာမှ တောင်သူ ၁၇ ဦး၏ ဧက ၃၀ ၊ကျွန်းလှမြို့နယ်တွင် ကျေးရွာ ၃ ရွာမှတောင်သူ ၁၁ ဦး၏ မိုးစပါးစံပြကွက် ဧက ၃၀ စုစုပေါင်း ကျေးရွာ ၁၄ ရွာမှတောင်သူ ၂၈ ဦးဖြင့် မိုးစပါးစံပြကွက် ဧက ၆၀ ကိုတိုင်းဒေ သကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိပြီး လိုအပ်သောသွင်းအားစုများ၊ စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်ကာ မိုးစပါးတင်း ၁၀၀ နှင့်အထက်ထွက်ရှိရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒီနှစ် မိုးစပါးစံပြကွက်များ စိုက်ပျိုးရာမှာ တစ်ဧက တင်း ၁၀၀ နှင့်အထက်ထွက်ရှိရေးအတွက် တောင်သူတွေကို မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန်၊ ဓာတ်မြေဩဇာ စနစ် တကျသုံးစွဲ တတ်စေရန်၊ ပေါင်းမြက်များအချိန်မီနှိမ်နင်းရန်၊ ကင်းထောက်မှတ်တမ်းယူပြီး ပိုးမွှားရောဂါကြိုတင် ကာကွယ နှိမ်နင်းရန်၊ ရေသွင်းရေထုတ်မှန်ကန်ရန်၊ စိုက်ပျိုးရေချွေတာသုံးစွဲရန်၊သဘာဝမြေဩဇာ၊သဘာဝပိုး သတ်ဆေးများ ပြုလုပ်သုံးစွဲရန် စတဲ့နည်းပညာတွေကို ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာ ရှင်များက တောင်သူနည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါတယ် ” ဟု ခရိုင်စိုက်ပျိုး ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးအောင်က ပြောသည်။
စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ နည်းများကောင်းမွန်မည်ဆိုပါက အထွက်နှုန်းတိုးတက်ကောင်း မွန်လာမည်ဖြစ်ပြီး မိရိုးဖလာစိုက်ပျိုးရေးနည်းစနစ်များဖြင့်သာ ကျေနပ်နေ၍မရဘဲ ခေတ်မီစိုက်ပျိုးရေးနည်း စနစ်များ အသုံးပြု၍ အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ် နိုင်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ ၂၀၂၁ ခုနှစ် မိုးရာသီတွင် မိုးစပါး တစ်ဧက တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေး ဆောင်ရွက်ထားသော စံပြကွက် ဧက ၆၀ တွင် ဧရာမင်း၊ဆင်းသုခ မျိုးများစိုက်ပျိုးထားရှိ ကြောင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)