လေရှီးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှကိုယ်ဝန် ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေး သူငယ်များ အား ထောက်ပံ့ကြေးပေးအပ်
Oct 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အမှုထမ်းရပ်ကွက်၊ အုပ်ချုပ်ရေး မှူးရုံး၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ အရင်စာရင်း ပေါက်ထားသည့် ကိုယ်ဝန် ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီလ (၁)လစာ အတွက် ထောက်ပံ့ကြေးများကို လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ ရပ်ကျေးစာရေးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ သားဖွား ဆရာမများက တာဝန်ယူ ဆောင်ရွက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။