Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ (၁၂၁၆၇)ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးသူ (၂၁၇၂)ဦး ထိုးနှံပြီးစီး
Oct 07,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ထိုးနှံပေးလျက်ရှိရာ အကြိမ်ပြည့်ထိုးနှံပြီးသူ Covid shield (၆၀၀၀)ဦး၊ Sinopharm (First Phase)တွင် (၆၁၆၇)ဦး စုစုပေါင်း လူဦးရေ (၁၂၁၆၇)ဦးနှင့် Sinopharm(Second Phase)တွင် ပထမ အကြိမ်ထိုးနှံပြီးသူ (၉၆၅၅)ဦး ရှိပြီဖြစ်ပြီး Sinopharm(Second Phase) ကာကွယ်ဆေးခွဲတမ်း ထမ်မံ ရရှိပါက ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Oct 07,2021
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသည့် အသက် ၁၈ နှစ်အထက်ရှိသူများအား ပဉ္စမအသုတ် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွှဲ ၃ နာရီခွဲအချိန်ခန့်က မြဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထားဝယ်ပြည်သူ့ဆေးရုံကြီးရှိအောက်ဆီဂျင်ထုတ်စက် နှင့် ကုသဆောင်များအားကြည့်ရှုစစ်ဆေး
Oct 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီးရှိအောက်ဆီဂျင်ထုတ်စက်နှင့် ကုသဆောင်များအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆရာမကြီး၏ရင်တွင်းစကား Talk Showကျင်းပ
Oct 07,2021
ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့်(အငြိမ်းစား)ဆရာမကြီး၏ရင်တွင်းစကားTalk Showပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်မှ (အငြိမ်းစား)ဆရာမကြီးဒေါ်ခင်လှက အခုလိုပြောပါတယ်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Oct 07,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ် နှစ်အောက်ကလေးငယ်များအား အိမ်တိုင်ရာရောက်ထောက်ပံ့ငွေများပေးအပ်
Oct 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်နှစ် နှစ်အောက်ကလေးငယ်များကို နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကုန်းဆွတ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ် ထန်းတပင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူ ဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေး
Oct 07,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ၊ မကွေးတိုင်းဒေသကြီး ၊ ပေါက် မြို့နယ်ဦးစီးမှူးရုံးက အောက်တိုဘာ ၇ ရက် နံနက် ၈ နာရီခွဲတွင် ပေါက်မြို့နယ် ထန်းတပင်ကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာ ရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြု လုပ်ဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စားသုံးဆီများအား သက်သာသော ဈေးနှုန်းဖြင့် ဇီးကုန်း မြို့နယ်ရှိ ပြည်သူများအား ရောင်းချပေး
Oct 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြည်သူများ စားသုံးဆီကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဇီးကုန်းမြို့နယ် မြို့မ ဈေးကြီးအရှေ့၌ ပြည်သူများအား စတင်ရောင်းချ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22420
Page
22421
Page
22422
Page
22423
Current page
22424
Page
22425
Page
22426
Page
22427
Page
22428
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department