ကျောက်မဲ အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့ကျက်သရေဆောင် ခန်းမနှင့် ကွန်ဖြူးရှပ်ကျောင်းတို့၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်ရောဂါကာကွယ်ဆေး (Sinopharm) တတိယအသုတ် (ပထမအကြိမ်)ကို စက်တင်ဘာ ၂၈ ရက်နေ့မှစ၍ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် ဦးတည်အုပ်စု ၁၆ အုပ်စုခွဲ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် နမ့်ဟူးတောင်း၊တံခွန်တိုင်၊ ကျောက်မဲကြီး၊ ပိန္နဲကုန်း၊ ခိုမုန်း၊ မန်ကျောင်း၊ ကျွဲကုန်း၊ မိုင်းတင်းကျေးရွာအုပ်စုနှင့် အမှတ် ၈ ရပ်ကွက် ရှိ အသက် ၁၈ နှစ် အထက် ပြည်သူများအား သတ်မှတ်စုရပ်များ၌ထိုးနှံပေးနေပြီး အောက်တိုဘာ ၅ ရက်နေ့အထိ လူဦးရေ ၁၂၂၄၀ ဦးထိုးနှံပြီးကြောင်း သိရသည်။
အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးပါက အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား/သူ များအား ဆက်လက်ထိုးနှံပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးတာဝန်ရှိသူများ ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)