ပခုက္ကူ-ကမ္မ-ပေါက်ကားလမ်း ပခုက္ကူမြို့နယ် ကန်တော်ချောင်း ရေကျော်၍ ကားလမ်း ယာယီပိတ်

ပခုက္ကူ အောက်တိုဘာ ၈

ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မ-ပေါက်ကားလမ်းပေါ်ရှိ ကန်တော် ချောင်းရေကျော် ချောင်းရေများ ကျ‌သဖြင့်‌ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က ကားလမ်းယာယီပိတ်မှု ဖြစ်ပွားသည်။

ပခုက္ကူမြို့နယ် အနောက်မြောက်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ကန်တော် ချောင်းရေများ ကျသောကြောင့် ည‌နေ ၄ နာရီခွဲခန့်မှစ၍ ယာဉ်များ ဖြတ်သန်း သွားလာနိုင်ခြင်း မရှိကြောင်း သိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း အဆိုပါ ချောင်းရေကျော်နေသဖြင့် ယာဉ်များ ၃ နာရီခန့် ယာယီလမ်းပိတ်ခဲ့ကြောင်း သိရသည်။

ကိုဇော်(ပြန်ဆက်)