စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း

မုံရွာ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလနှင့် ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်၊ ပဲ၊ ဆား အမယ် ငါးမျိုးနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရုံးကြီး ရပ်ကွက်ရှိ၊ ရတနာအောင်မြေကျောင်းတိုက် ဦးကိတ္တိဝရ ဆရာတော်ကြီးနှင့် ခါးပန်းနီ ကျောင်းတိုက် ဦးခေမာစန္ဒ ဆရာတော်ကြီးတို့ထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အလယ် ရပ်ကွက်၊ ရွှေကျင်ဓမ္မာရုံကျောင်းတိုက်သို့ ရောက်ရှိရာ ဦးအဂ္ဂသာရ(ရွှေကျင်) ဆရာတော်ကြီးနှင့် ဘုရားလှကျောင်းတိုက် ဦးဉာဏိသာရ(ရွှေကျင်) ဆရာတော်ကြီးတို့ထံ ဝါဆိုသင်္ကန်း၊ လှူဘွယ် ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်၊ သဃာတော်များ ကိုဗစ်-၁၉-ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ချမ်းမြဝတီ ရပ်ကွက်ရှိ၊ ကုမာရာ ရာမကျောင်းတိုက်သို့ ရောက်ရှိရာ ဦးကုမာရ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃၂/၂၀၂၁)သို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ပိုးကို များများ စစ်ဆေးခြင်း၊ ပိုးတွေ့ရှိမှုလျော့နည်းအောင် ပညာပေးခြင်း လုပ်ငန်းများနှင့် စစ်ဆေး ကြပ်မတ်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင် ထုတ်လုပ်မှုအနေနဲ့ လိုအပ်သည်ထက် ပိုမိုထုတ်လုပ်နေနိုင်ပြီ ဖြစ်ပါကြောင်း၊ ဖောင်းပြင်မြို့နှင့် နန်းယွန်းမြို့တို့တွင်လည်း အောက်ဆီဂျင် ထုတ်လုပ်သည့် စက်များရောက်ရှိပြီး       စမ်းသပ် လည်ပတ်မှုများ စတင်နေပြီဖြစ်ပါကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံပြီးစီးရန်လိုအပ်ပြီး ထိုးနှံ မည့်လူဦးရေ၊ သွားလာမှု၊ ဆရာဝန်/သူနာပြုနှင့် လုံခြုံရေးအပေါ်မူတည်ပြီး ဆေးများစနစ်တကျ ဖြန့်ခွဲ ရန်လိုအပ်ပါကြောင်း၊ မြို့ဝင်/ထွက်ဂိတ်များ အမှန်စစ်ဆေးဆောင်ရွက်ရန်နှင့် လုံခြုံရေး သတိပြုဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ စည်ပင်သာ ယာဈေးများတွင် အသိပညာပေး လုပ်ငန်းများအား လျော့ချ၍မရဘဲ ဆက်လက်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ရှိသူ အားလုံးရဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှု များကြောင့် တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိမှုနှင့် သေဆုံးမှုများ လျော့နည်း လာတာကို တွေ့ရှိရပါကြောင်း၊ အောက်တိုဘာကျောင်း ပိတ်ရက်ရှည် ကာလအလွန်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက အသက် ၁၂ အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရန် လုပ်ငန်းများကို တာဝန်ရှိသူများက ကြိုတင်စီမံ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာ လုပ်ငန်းများ၊  ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဝင်မြို့ထွက်စစ်ဆေးရေး ဂိတ်များဆောင်ရွက်နေမှု လုပ်ငန်းများ၊ အသက် ၁၂ နှစ်အထက် အခြေခံကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံရေး တို့နှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်း ဆိုင်ရာလုပ်ငန်းများ၊ ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)