ဘားအံမြို့ခရဲ(ကမ်းနား)ကျေးရွားအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဘားအံ အောက်တိုဘာ ၈

ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးမှ ယမန်နေ့ နံနက်ပိုင်းက ခရဲ(ကမ်းနား)ကျေးရွာအုပ်စု၌ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့်   နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့သို့ဆောင်ရွက်ပေးရာတွင် ဘားအံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး   ဦးမင်းနောင်၊ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်နှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသေးသည့် အသက်(၁၈) နှစ်ပြည့်ပြီးသူများအား  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေး၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် နိုင်ငံသားအခွင့် အရေး မဆုံးရှုံးစေဖို့ ပြည်သူများက ပူးပေါင်းပါဝင်စို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား  ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိ စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၅) ကတ်အား ဒေသခံပြည်သူများလက်ဝယ် အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 ဆက်လက်၍  ဘားအံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိ သူများက အိန္နုကျေးရွာအုပ်စုအတွင်း ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်နိုင်ရေးအတွက်  ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ ကြောင်းသိရှိရသည်။

ခရိုင် ( ပြန်/ဆက် )