မချမ်းဘော့ အောက်တိုဘာ ၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ မလိခကြိုးတားမြို့အ၀င် မန်ဂျန်ရှားသစ်ပင် စိုက်ခင်းအား စုပေါင်းသန့်ရှင်းရေး ကိုယနေ့နံနက် ၇နာရီကဆောင်ရွက်ခဲ့သည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မချမ်းဘော့မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝေယံမင်း သွင်ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးများ စုစုပေါင်းအင်အား ၃၀ဦးတို့က မန်ဂျန်ရှားသစ်ပင် စိုက်ခင်းအတွင်းရှိ မြက်ပေါက်ပင်များ ရှင်းလင်းခြင်း၊ ချုံနွယ်ပင်များ ခုတ်ထွင်ရှင်း လင်းခြင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်