ကျွန်းစုမြို့တွင် လေဘေးသင့်မိသားစုအား ထောက်ပံ့ငွေ ပေးအပ်
Mar 16,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၌ မတ်လ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် သရက်ပင်ကျိုးကျပြီး နေအိမ်ပေါ်သို့ လဲပြိုကျရာ နေအိမ်ခေါင်းမိုးနှင့် အမိုးများပျက်စီးခဲ့ပြီး လေဘေးသင့်ခဲ့ရသော မိသားစုအား ယနေ့ မွန်းလွဲ(၂)နာရီတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။