သာစည် အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းမ တစ်လျှောက်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ယမန်နေ့က အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ရာတွင် ဦးတည်အုပ်စုများအလိုက် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်အဖြစ် သာစည်မြို စည်ပင်သာယာခန်းမ၌ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား လာရောက်ထိုနှံကြ ရန်၊ (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံထားပြီး အကြောင်းအမျိုးမျိုးကြောင့် (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် မိဘပြည်သူများကိုလည်း ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လာရောက်ထိုးနှံပေးကြပါရန်နှင့် ကာကွယ်ဆေးအား အကြိမ်ပြည့် လာရောက်ထိုးနှံပေးကြပါရန်၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင်လည်း ပြည်သူများက ပူးပေါင်းပါဝင်ပေးကြပါရန်တို့အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဝန်ထမ်းများက လိုက်လံ၍ အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)