သဲကုန်း အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် သဲကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များသို့ ယနေ့နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ကာလအတွင်း သဲကုန်းမြို့နယ်အတွင်းရှိ ပရဟိတကျောင်းများ၊ စာသင်တိုက်များ၊ တရားဓမ္မရိပ်သာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ စသည့် လှူဖွယ်ပစ္စည်းများအား သွားရောက် လှူဒါန်းခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပရဟိတကျောင်းတစ်ကျောင်း၊ စာသင်တိုက်(၄)တိုက်၊ တရားဓမ္မရိပ်သာကျောင်း (၂)ကျောင်းနှင့်ဘုန်းတော်ကြီးကျောင်း (၅၂)ကျောင်း စုစုပေါင်း(၅၉) ကျောင်းတို့အား ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲ စသည့် လှူဖွယ်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။
နိုင်လင်း