Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုင်းယုမြို့ရှိ ဈေးဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချ စေရေး သတိပေးကြော်ငြာချက်ဖြန့်ဝေ
Oct 08,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကုန်စုံဆိုင်၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချစေရန် အတွက် ယနေ့ နံနက်ပိုင်း မြို့စည်ပင်သာယာရေးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ သတိပေးကြော်ငြာ ချက်များကို လိုက်လံဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပဉ္စမအသုတ်ပထမအကြိမ်ပထမနေ့အဖြစ်ဆက်လက်ထိုးနှံပေး
Oct 08,2021
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ် တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထား ခြင်းမရှိ အသက်(၁၈)နှစ်အထက်ရှိသူများအား ပဉ္စမအသုတ် ပထမအကြိမ်ပထမနေ့အဖြစ် ယနေ့ နံနက် ၉ နာရီအချိန်က ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Oct 08,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့်ဒုတိယအုပ်စု(Sinopharm) ကာကွယ်ဆေးပထမအကြိမ် ထိုးနှံနိုင်ရေး စကောကရင်၊မြန်မာဘာသာတို့ဖြင့်နှိုးဆော်ခြင်းများ ဆောင်ရွက်
Oct 08,2021
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ရောဂါကူးစက်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက် ပြတ်တောက် နိုင်ရေးနှင့်မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက် ကြရန် အသိ ပညာပေး နှိုးဆော်ခြင်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀နာရီအချိန်၌ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှမထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအုပ်စုအနေဖြင့် first dose ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အမှတ်( ၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ်အဖြစ် ဆေးမထိုးရသေးသူ(၁၅၀၀၀)ဦးအား ဆက်လက်ထိုးနှံပေး
Oct 08,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ပထမ အကြိမ်အဖြစ် ဦးစားပေး အစီအစဉ်အလိုက် ဆေးမထိုးရသေးသူများကို ကာကွယ်ဆေး ထိုနှံပေးလျက်ရှိရာ ယမန် နေ့က ရောက်ရှိလာသည့် ကာကွယ်ဆေး များဖြင့် လူဦးရေ(၁၅၀၀၀) ဦးအား ယနေ့တွင် ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့၌ အသက် နှစ်လမှ အသက်တစ်နှစ်ခွဲအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်
Oct 08,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် အသက် နှစ်လမှ အသက် တစ်နှစ်ခွဲအတွင်း ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများကို အောက်တိုဘာ လ (၄) ရက်နေ့မှ (၈) ရက်နေ့အထိ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မြို့မပရိယတ္တိစာသင်တိုက်တွင် ဆွမ်းဆန်/ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း
Oct 08,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) ကွပ်ကဲမှုအောက်ရှိတပ်ရင်း/ တပ်ဖွဲ့ဝင်များ၊ အရာရှိစစစ်သည် မိသားစု ဝင်များက မြို့မပရိယတ္တိစာသင်တိုက်ရှိ ရဟန်း/သံဃာများအတွက် နေ့လည်ဆွမ်းနှင့် ဆွမ်းဆန်/ဆီ/ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နေ့လည်ပိုင်းက ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျလျက်ရှိ
Oct 08,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ဆည်၏ အထက်ပိုင်း၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆဒ္ဒန်ဆည်နှင့် စွန်ဆည် ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုရှိလာကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22412
Page
22413
Page
22414
Page
22415
Current page
22416
Page
22417
Page
22418
Page
22419
Page
22420
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department