မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကုသရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်း
Oct 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကုသရေး သုံး ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။