ချမ်းမြသာစည် အောက်တိုဘာ ၉
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များကို ၂၀၂၁ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ ယနေ့အထိနေ့စဉ် မြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရာ နေရာများသို့သွားရောက်၍ ဖြန့်ဝေခဲ့သည်။
အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချမ်းမြသာစည်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးရဲမင်းထွန်းနှင့်ဝန်ထမ်းများက ပြည်သူများအား ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေးပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်များအကြောင်း သိကောင်းစရာများ လက်ကမ်းစာစောင် စောင်ရေစုစုပေါင်း(၃၀၀၀ )ကျော်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)