ကြံခင်း အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုများ ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့်တာဝန် ရှိသူများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။
မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့်တွေ့ဆုံမေးမြန်းခဲ့ရာ-
မေး။ မင်္ဂလာပါရှင့်၊ မကြာမှီတွင်အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေမယ် လို့ကြားသိရပါ တယ်ရှင့်၊ အဲ့ဒါနဲ့ ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ထားရှိမှုအားသိပါစေရှင့်
ဖြေ။ ကျွန်တော်တို့ကြံခင်းမြို့နယ်မှာ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား/ သူစာရင်းကောက်ခံရယူ ထားတာကတော့ လက်ရှိမှာ(၁၇၇၉)ဦးရှိပါတယ်၊ (၁၂)နှစ်အထက် ကာကွယ်ဆေးထိုးပေးရမည့် ရည်ရွယ်ချက် ကတော့ အခြေခံပညာအလယ်တန်း ကျောင်းအထက်တန်းဆင့် ကျောင်းသား/သူများ အနေဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်း အားဖြင့်ရောဂါကာကွယ်နိုင်ရန် နှင့်ရောဂါဖြစ်ပွားမှုတွေရဲ့ အကျိုးဆက်တွေကို ခံနိုင်ရည်ရှိစေဖို့ဖြစ်ပါတယ်၊ အများနည်းတူ ပညာသင်ကြားခွင့် တွေရရှိစေဖို့ နောက်ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သက်ဆိုင်ရာ အုပ်စုအလိုက်ထိုးနှံခြင်းဖြင့် ကာကွယ်ဆေးထိုးနှံပြီး သူအရေအတွက် တွေလွှမ်းခြုံနိုင်ဖို့ ရည်ရွယ်ထားပါတယ်၊ ဆေးထိုးအဖွဲ့များ အနေဖြင့်ကြီးကြပ်ကွပ်ကဲရေး အဖွဲ့မြို့နယ်အဖွဲ့(၁၅) ယောက်ပါဝင်သော အဖွဲ့(၂)ဖွဲ့ ဖွဲ့စည်းထားပါတယ်၊ ဒီအဖွဲ့တွေမှာကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးအသင်းအဖွဲ့များလည်း ပေါင်းစပ်အင်အားဖြည့်ထားပါတယ်။
မေး။ ကာကွယ်ဆေးထိုးစုရပ် သတ်မှတ်ထားတာနှင့် ပတ်သက်ပြီးပြောကြားပေးပါဦး ရှင့်
ဖြေ။ ကျွန်တော်တို့က စုရပ်တွေအနေနှင့်ကတော့ အားလုံး(၁၆)နေရာ မှာအဓိကကတော့(၅)နေရာ သတ်မှတ်ထားပါတယ်၊ ကျွန်တော်တို့ အဓိကကတော့ (အ ထ က-၁)ကြံခင်းမြို့ပေါ် အဖွဲ့ကို သတ်မှတ်ထားပြီး(အ လ က)ကျွန်းပုလု၊ ဆိပ်သာတိုက်နယ်ဆေးရုံအနီးပတ်ဝန်းကျင်၊အလုံ(အ လ က)၊ ဘက်ရဲတိုက်နယ် ဆေးရုံအနီး ပတ်ဝန်းကျင်၊ ရေနံတောင်(အ ထ က) နေရာတွေမှာ စုရပ်အဖြစ် စီစဉ်ထားပါတယ်။
မေး။ ကာကွယ်ဆေးထိုးဖို့ ကျောင်းသား/သူ စာရင်းပြုစုထားရှိသည့် အစီအစဉ်နှင့် ထိုးနှံပေးမည့် ကာကွယ်ဆေးအမည်၊ ကာကွယ်ဆေးထိုးနှံရာတွင် မိဘပြည်သူ ပူးပေါင်းဆောင်ရွက်မှုကို သိပါရစေရှင့်
ဖြေ။ ကာကွယ်ဆေးထိုး ဖို့စီစဉ်ထားတဲ့ ကျောင်းသား/ သူစာရင်းတွေကတော့ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး /ဆရာမကြီးတွေမှ အတန်းပိုင်ဆရာ/ ဆရာမတွေနဲ့မြို့နယ်ပညာရေးမှုးတို့က ဆွေးနွေးညှိနှိုင်းကြပါတယ်၊ ကျွန်တော်တို့ကမြို့နယ် ပညာရေးမှူးထံမှစာရင်းရယူပါတယ်၊ အဓိကကတော့ ကျောင်းသား/ သူတွေရဲ့ အသက် ထောက်ခံချက်၊ မှတ်ပုံတင်နံပါတ် အဲ့ဒါတွေကို သေသေချာချာ ကွက်လပ်ဖြည့်ပြီ အင်အားစာရင်းကြိုတင်ပြင်ဆင် ထားရပါတယ်၊ မှတ်ပုံတင်မရှိသေးတဲ့ ကျောင်းသား /သူများကိုလည်မြို့နယ်(လ ဝ က)နဲ့ချိတ်ဆက်ပြီ ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်၊ အသက် (၁၂)နှစ်နှင့်အထက်ကျောင်းသား /သူများကိုထိုးနှံပေးမည့် ကာကွယ်ဆေး ကတော့ (sinovac vaccine)ဆေးပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ဥပမာ စတုထ္ထလှိုင်းဝင်လာပါစေ ကူးစက်စေဦးတော့ကလေးတွေဟာခံနိုင်ရည်ရှိမယ်၊ ပြင်းပြင်းထန်ထန် မခံစားရဘူးသူတို့ ဘဝရဲ့မိသားစုတွေလုံခြုံမှုရှိမယ်၊ အများနဲ့ပူးပေါင်းပြီး ပညာသင်ယူရရှိမဲ့ အခွင့်အလမ်း တွေရရှိမယ် မိသားစုများကလည်း ကာကွယ်ဆေးအား သတ်မှတ်အုပ်စုအလိုက် ထိုးနှံခြင်းအားဖြင့်ဆေးထိုးပြီသူ အရေအတွက် လွှမ်းခြုံမှုများပြားလာပြီး ရောဂါကူးစက်မှု လျှော့နည်းလာမှာဖြစ်ပါတယ်၊ မိဘတွေအနေနဲ့ အသက်(၁၂)နှစ်နှင့် အထက်ကလေးတွေကိုနိုင်ငံတော် ကကာကွယ်ဆေးထိုးနှံပေးတာကပညာရေး၊ ကျန်းမာရေး အတွက်ရေရှည်ကြည့်ပြီး ဆောင်ရွက်ပေးတဲ့အင်မတန်မှအကျိုး ကျေးဇူးများတဲ့ လုပ်ငန်းဖြစ်လို့ဒီ လုပ်ငန်း အောင်မြင်ဖို့အတွက် ဆရာ/ ဆရာမများ၊ ကြီးကြပ်ရေးအဖွဲ့များ၊ ကျန်းမာရေးအဖွဲ့များနှင့် အတူမိဘပြည်သူများက ပူးပေါင်းပါဝင်ပေးဖို့နဲ့ နိုင်ငံတော်မှ ကျန်းမာမှပညာ အေးချမ်းစွာသင်ကြား သင်ယူနိုင်ဖို့ ကမ္ဘာ့ကပ်ရောဂါကင်းဝေး စေရန်နှင့်ကလေးများ၏ အသက်အန္တရာယ်အတွက်အလွှာ စုံအသီးသီးမှ ကာကွယ်ဆေးထိုးနှံကြဖို့ကို တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။
မြို့နယ်(ပြန်/ဆက်)