သတင်းများ

မိုင်းခတ်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိ‌‌​စေရေး Hand Speaker ဖြင့်အသိပေးလှည့်လည်နှိုးဆော်
Oct 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေး သိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မိုင်းခတ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ မြို့ပတ်လမ်းနေ အိမ်လမ်းကြားများတွင်HandSpeakerဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 08,2021
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီ အချိန်ခန့်က မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြု လုပ်သည်။
မိုင်းယုမြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharm ပထမအကြိမ် တတိယအသုတ်ထိုးနှံ
Oct 08,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့ အတွင်းရှိ   အသက်(၄၀) နှစ်အထက် ပြည်သူများကို ယနေ့ နံနက် ၈ နာရီက   မြို့မရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် တတိယအသုတ် ထိုးနှံပေးခဲ့ကြသည်။
ကျောက်တော်မြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Oct 08,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ရှိ မြို့ပေါ်ရပ်ကွက်များမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း သတ်မှတ်စုရပ်နေရာ၌ စတင်ထိုးနှံတိုက်ကျွေး ပေးလျက်ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်းဆင်းပွဲ ကျင်းပ
Oct 08,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်စက်မှုလက်မှု သင်တန်း မော်တော်ယာဉ်စက်ပြင်သင်တန်း(၄/၂၀၂၁)၊ဆောက်လုပ်ရေး သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်း(၆/၂၀၂၁)၊ အဲယားကွန်း/ရေခဲသေတ္တာနှင့် လျှပ်စစ် ဂဟေသင်တန်း(၇/၂၀၂၁)ဆင်းပွဲကို ယနေ့၊ နံနက်(၉)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စက်မှုလက်မှုသင်တန်းကျောင်းခန်းမဆောင်၌ကျင်းပသည်။
မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်
Oct 08,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။