ကသာ အောက်တိုဘာ ၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းများသည် ကသာမြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းမိသားစုများအား အောက်တိုဘာလ(၈)ရက်နေ့၊ ညနေပိုင်းက "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းများသည် ကသာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းမိသားစုများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၅)ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၄)ခုတို့ကို တာဝန်ရှိသူများအား ပေးအပ်ခဲ့ပြီး ယင်းအိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဝန်ထမ်းမိသားစုများအား ဆက်လက်ပေးအပ်ခဲ့သည်။
ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာမြို့နယ်ဦးစီးမှူးရုံးတွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)