ဟိုင်းကြီးကျွန်း အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ချောင်းဝကျေးရွာ အုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ငပုတောမြို့နယ်ဦးစီးမှူးရုံး မှ ဦးဖြိုးဝေစိုး ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်း နှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများကို (၇.၁၀.၂၀၂၁)ရက် နေ့နှင့် (၈.၁၀.၂၀၂၁) ရက်နေ့တွင် (၂)ရက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်၁၉ ညွှန်ကြားချက်များနှင့်အညီ ၁၀နှစ်နှင့်အထက် နိုင်ငံသား ကတ်ကိုင်ဆောင်မှု ၃(က) တွင် ကျား (၁၄)ဦး ၊ မ (၆)ဦး ၊စုစုပေါင်း (၂၀)ဦးကိုလည်းကောင်း၊ ၁၈နှစ် နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင် ကျား(၂၃)ဦး၊မ(၁၉)ဦး၊စုစုပေါင်း(၄၂)ဦးကို လည်းကောင်း၊ ၁၀နှစ်မှ၁၈နှစ်ပြည့် လဲလှယ်တွင် ကျား(၄၉)ဦး၊ မ (၆၈)ဦး ၊စုစုပေါင်း (၁၁၇)ဦးကို လည်းကောင်း၊ပျောက်ဆုံး၊ပျက်ဆီးထုတ်ပေးခြင်း တွင် ကျား(၅၆)ဦး၊ မ(၆၈)ဦး၊ စုစုပေါင်း(၁၂၄)ဦး ကို လည်းကောင်း ကတ်အမျိုးမျိုးဆောင်ရွက်ပေးလျက်ရှိရာ ချောင်းဝကျေးရွာအုပ်စုတွင် စုစုပေါင်း ကျား (၁၄၂)ဦး၊ မ(၁၆၁)ဦး၊ စုစုပေါင်း(၃၀၃) ဦးဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
နွေးနွေးအောင်(ပြန်/ဆက်)