ကြံခင်း အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ် ကျင်းပခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်မှ အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်သိန်းက လူမှုဝန်ထမ်းဦးစီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ လူမှုလုပ်ငန်းများကို အခြေခံသောမူဝါဒများ၊ မသန်စွမ်းသူများ၏ ရရှိမည့်အခွင့်အရေးများ၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း မသန်စွမ်းကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ ကြံခင်းမြို့နယ်အတွင်း မသန်စွမ်းသူ (၄)မျိုးအား ထောက်ပံ့ပေးအပ်ခဲ့မှု အခြေအနေများ၊ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ကျန်ရှိနေသော မသန်စွမ်းသူများကိုလည်း အင်တိုက်အားတိုက်ဖြင့် အစိုးရအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများဖြင့် ပူးပေါင်းပြီး ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်နေမှုအားလည်းကောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေးရရှိစေရေးနှင့် ဘဝအရည်အသွေးများ ဖွံဖြိုးတိုးတတ်စေရေးတို့တွင် အားလုံးပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မသန်စွမ်းသူများ အခွင့်အရေး အပြည့်အဝရရှိရေးအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်များအား ပြောကြားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)