မောက်မယ်မြို့နယ်အတွင်း အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်
Oct 08,2021
ရှမ်းပြည်နယ် (တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင် ပပျောက်နိုင်ရေးအတွက် အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ပထမအကြိမ်ကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ ၊ ဒုတိယ အကြိမ်ကို နိုဝင်ဘာလ ၉ ရက်နေ့မှ ဒီဇင်ဘာ ၆ ရက်နေ့အထိ၊ အကြောင်း အမျိုးမျိုး ကြောင့် နောက်ကျသောကျောင်းသား / ကျောင်းသူများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ တွင် သက်ဆိုင်ရာအခြေခံပညာကျောင်းများ၏ ဆေးထိုးစုရပ်အလိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။