သတင်းများ

ပေါက်တောမြို့၌ ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယ အသုတ် စတင်ထိုးနှံ
Oct 10,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် သာသနာ့ဗိမာန်စုရပ်နှင့် မြို့နယ်အား ကစားခန်းမစုရပ် နှစ်နေရာတို့တွင် ယမန်နေ့ နံနက် ၁၀ နာရီက စတင်ထိုးနှံ ပေးသည်။
ကွမ်းလုံမြို့နယ်တွင် "ပန်းခင်းစီမံချက်"ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး
Oct 10,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့တွင် "ပန်းခင်းစီမံချက်"ဖြင့် ယမန်နေ့နံနက် ၁၁နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ၁၀ နေရာခွဲ၍ ထိုးနှံပေး လျက်ရှိ
Oct 10,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို (၁၀)နေရာခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က သတ်မှတ်နေရာ အသီးသီး၌ ကာကွယ်ဆေးလာရောက် ထိုးနှံသူပေါင်း (၃၃၀၀)ဦးရှိကြောင်း သိရသည်။
လှိုင်မြို့နယ် တွင်အသက် ၅၅ နှစ်အထက်ဘိုးဘွားများ၊ လှိုင်မြို့နယ်အတွင်းစျေးအသီးသီးမှ စျေးရောင်းချသူများ၊  ကုမ္ပဏီ၀န်ထမ်းများအား ကာကွယ်ဆေးထိုးနှံခြင်း
Oct 10,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အမှတ်(၁၂)ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံဝန်း၊ လှိုင်ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာတွင် ယနေ့နံနက် ၉ နာရီအချိန်တွင်မြို့နယ်အတွင်းအသက် ၅၅ အထက် ဘိုးဘွားများ၊ လှိုင်မြို့နယ်အတွင်းစျေးအသီးသီးမှ စျေးရောင်းချသူများ၊   ကုမ္ပဏီ၀န်ထမ်းများအား ကာကွယ်ဆေး(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် စုစုပေါင်း (၁၂၇၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်ချက် များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း ကျန်းမာရေး စစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Oct 10,2021
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ကစ၍ အသက်(၁၈)နှစ်ပြည့်ပြီးသောပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးရန် စီစဉ်ဆောင်ရွက်နေမှုများအား တွေ့ဆုံမေးမြန်းခြင်း
Oct 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးရန် စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မြောင်းမြ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက် နှင့် အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစသိန်းကျော်တို့အား သွားရောက်တွေ့ဆုံမေးမြန်းခဲ့တယ်။
သုဝဏ္ဏဝတီမြို့တွင် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံဆောင်ရွက်ပေး
Oct 10,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု ခရိုင်ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ကျိုက္ကော်) ရွှေရတုခန်းမ၌ ကိုဗစ်-၁၉ ရောဂါကွယ်ဆေးများ စနစ်တကျ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူ
Oct 10,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းတွင် ပညာသင်ကြား နေသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကျောင်းသားမိဘများအား အသိပညာပေး ဆွေးနွေးခြင်းနှင့် ဆေးထိုးနှံ စာရင်းကောက်ယူခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာသင်ကျောင်းများတွင် ဆရာ၊ဆရာမများမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။