သတင်းများ

နာဂဒေသ၊ ပန်ဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ‌စေရေး ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်
Oct 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်တားဆီး ထိန်းချုပ်နိုင်‌စေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသိပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။
နာဂဒေသ၊ ပန်ဆောင်မြို့၊ နာယန်းကျေးရွာ၌ ဘောလုံးကွင်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ ဝပ်ထမ်းကျေးရွာ အုပ်စု၊ နာယန်းကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေနှင့် ကျေးရွာပြည်သူ လူထုထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သော ကျေးရွာဘောလုံးကွင်းဖွင့်ပွဲ အခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ယနေ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၃၈ ဦး၊ သေဆုံးလူနာ တစ်ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၄၀၅ ဦးရှိလာပြီဖြစ်
Oct 08,2021
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ယနေ့စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ် (၃၈) ဦးတွေ့ရှိ ပြီးသေဆုံးလူနာ တစ်ဦးရှိကြောင်း သိရသည်။
ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ သက်ဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်ဆေး (Sinopharm) များ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေး
Oct 08,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦး ရေစာရင်း ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်း ရှိ၊ မရှိ အခမဲ့ကွင်းဆင်းစစ်ဆေးပေး
Oct 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်း ရှိမရှိ RDT Test Kit ဖြင့်စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖောင်းတောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ၌ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ချောင်းဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းနှင့်အတူ ပန်းခင်းစီမံချက်များဆောင်ရွက်
Oct 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အနော်ရထာခန်းမ တွင် ယနေ့နံနက် ၉နာရီ အချိန်မှ စတင်ပြီး ညနေ ၃ နာရီအချိန်အထိ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသည့် သံဃာတော်များ၊ အသက်၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို တတိယအသုတ် ပထမအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပြည်သူများအား ပန်းခင်းစီမံချက် အကောင်ထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ စာရင်းရေးသွင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သီပေါတွင် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်
Oct 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)၊ လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။