သတင်းများ

ရေဖြူမြို့နယ်အတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အသက် ၁၂နှစ်မှစတင်၍ အသက် (၁၈)နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ သီးသန့်ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှု အခြေအနေများအား တွေ့ဆုံမေးမြန်းခြင်း
Oct 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ရောဂါကူးစက်မှု မရှိပဲ ပညာသင်ကြားနိုင်ခြင်း၊ ကျန်းမာပျော်ရွှင်စွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ကျောင်းတက်နိုင်ခြင်းဖြင့် ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ အသက် (၁၂)နှစ်မှ စတင်ကာ အသက်(၁၈)နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ သီးသန့်ကာကွယ်ဆေးထိုးပေးခြင်း နှင့်ပတ်သက်၍ ရေဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမိုးဆန်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်
ပခုက္ကူမြို့နယ်တွင် “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ထောင်သုံးရာကျော်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းသုံးရာကျော်ဆောင်ရွက်ပြီးစီး
Oct 09,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့ နယ် ဦးစီးမှူးရုံးက “ပန်းခင်း”စီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊စက်တင်ဘာလကုန်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ထောင်သုံးရာ ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်းသုံးရာကျော် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဘားအံခရိုင်ပညာရေးမှူး ဆရာမကြီးနှင့် တွေ့ဆုံမေးမြန်း
Oct 09,2021
မေး - မင်္ဂလာပါ ဆရာမကြီးရှင့် ၊ ဆရာကြီးရဲ့နာမည်နှင့် တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။ ဖြေ - ကျွန်မနာမည်ကတော့ ဒေါ်အေးအေးဆွေပါ ၊ ဘားအံခရိုင်ပညာရေးမှူးဖြစ်ပါတယ် ။ မေး - အထက်တန်း/အလယ်တန်းကျောင်းတွေ့မှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက်(၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ် ဆေး ထိုးနှံဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။
ထန်းတပင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသောအသက်၁၂နှစ် အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း
Oct 09,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာ သင်ကြားလျက်ရှိသော အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မသန်းစိန်အား တွေ့ဆုံ မေးမြန်း ထားရှိသည်ကို ဖော်ပြလိုက်ပါသည်။
တာချီလိတ်ရှိ စံလင်းဖြိုး ကုမ္ပဏီမှ ပထမအကြိမ်အဖြစ် အိမ်​ထောင်စုပေါင်း (၅၀၀)အတွက် အ​ခြေခံစား​သောက်ကုန်များ ထောက်ပံ့ပေးအပ်
Oct 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၅၀၀) အား ဦးအားတီ ၊ ဒေါ်နန်းခင်ခင်ထွေး (စံလင်းဖြိုး)ကုမ္ပဏီ မိသားစုက အခြေခံစား​သောက်ကုန် များကို ယနေ့နံနက် ၁၀ နာရီအချိန်က အာယုဒါန အောက်ဆီဂျင် စက်ရုံ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
မိုးကြိုးဘေးသင့်၍ ဘိုကလေးကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသနေသူ(၂)ဦးအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်
Oct 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ ပေချောင်းကြီးကျေးရွာ၌ အောက်တိုဘာ(၇) ရက်နေ့ ညနေပိုင်း၌ မိုးသည်းထန်းရွာ ရွာသွန်းပြီး မိုးကြိုးပစ်သဖြင့် မိုးကြိုးဘေးကြောင့် အမျိုးသား(၂)ဦးဒဏ်ရာရရှိ၍ မြို့နယ်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျက်ရှိရာ ယမန်နေ့ အောက်တိုဘာ(၈)ရက်နေ့ ညနေပိုင်း၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ၎င်းမိုးကြိုးဘေးသင့်သူ(၂)ဦးအား ထောက်ပံ့ငွေပေးအပ်ခဲ့သည်။