တန့်ယန်းမြို့နယ်၌ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Oct 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံတိုင်းရင်းသားပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ပေးနေမှုအား ပြည်သူများ ပိုမိုသိရှိနိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဗိုလ်ချုပ်လမ်း အမှတ်(၄)ရပ်ကွက်ရုံးရှေ့၌ ဆောင်ရွက်ကြသည်။