သတင်းများ

သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀) နှစ်နှင့် အထက် ပြည်သူများအား (Sinovac) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူ(၇၂၁)ဦးအား ဆ/ကရပ်ကွက်၊ ကျိုက္ကဆံဘုရားဝင်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေး
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနသို့ ယနေ့နံနက် ၁၁ နာရီ ချိန်က Mobileစ နစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြသည်။
မြစ်သားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jan 12,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ကျေးရွှေတမာစာပေမဂ္ဂဇင်းစာအုပ်မှ စာရေးဆရာမ မသီတာ(စမ်းချောင်း)ရေးသားထားသော" ယဉ်ကျေးမှုကို ဆင်ခြင်ရအောင်" ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Hand Speaker ဖြင့် လိုက်လံနှိုးဆော်
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီအချိန်၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေထိုးနှံစေရေးအတွက် မြို့နယ်အတွင်း လှည့်လည် နှိုးဆော်ဆောင်ရွက်ခဲ့သည်။
ဝါးခယ်မမြို့နယ်‌တွင်ပန်းခင်းစီမံချက်ဖြင့် ကမ်းပြိုကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား နှင့်အိမ်ထောင်စု လူဦး‌ရေစာရင်း ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 12,2022
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံ ဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက်(၈)နာရီက ကမ်းပြိုကျေးရွာ အုပ်စုရှိပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက်ကွင်းဆင်း ဆောင်ရွက်‌ ပေးခဲ့ကြောင်းသိရသည်။
မချမ်း‌ဘော့မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jan 12,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမနေ့မွန်းလွဲ (၁)နာရီ အချိန် က ကျင်းပဆောင်ရွက်ခဲ့သည်။
ရာသီပြောင်းသော်လည်း ဈေးမကျသောဖူးစားပြောင်းကို စိုက်ပျိုးသူများလာ
Jan 12,2022
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်း ကျေးရွာမှ ဖူးစားပြောင်းစိုက် တောင်သူ များသည် ရာသီပြောင်းသော်လည်း ဈေးမကျသော ဖူးစားပြောင်းများကို စိုက်ပျိုးသူများလာကြောင်း ပြောင်းစိုက် တောင်သူများထံမှ သိရသည်။
ကန့်ဘလူမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများ တွေ့ဆုံညှိနှိုင်းဆွေးနွေး
Jan 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမနေ့ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပိုမိုဆောင်ရွက် နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။