သတင်းများ

မလှိုင်မြို့နယ် ကျောက်တန်းကျေးရွာ လယ်ထွေသမဝါယမအသင်း၏ နှစ်ပတ်လည် အစည်းဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ
Jan 12,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာ၊ ကျောက်တန်းလယ်ထွေ သမဝါ ယမအသင်း၏ ၂ဝ၂ဝ- ၂ဝ၂၁ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်တန်းကျေးရွာ လယ်ထွေ သမဝါယမ အသင်းရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
မိုင်းရယ်မြို့နယ် စုရပ်(၄)ခု၌ ပြည်သူ(၂၃၅)ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေး
Jan 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ် အထက်ရှိသူများအား ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ စ၍ မိုင်းရယ်မြို့၊ ပြည်သူ့ဆေးရုံ၊ မိုင်းကောင်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၊ မိုင်းဟမန်မုံ တိုက်နယ်ဆေးရုံနှင့် နားခိုကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း စသည့် စုရပ်(၄)ခု၌ ပြည်သူ(၂၃၅) ဦးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တွံတေး၌ ဂန္တဝင်တေးသံရှင် တွံတေးသိန်းတန်ကြေးရုပ်တု (၂)နှစ်ပြည့်မြောက် အထိမ်းအမှတ်ပွဲ ကျင်းပ
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် တွံတေးမြို့ဂုဏ်ဆောင် နိုင်ငံကျော် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ ဂန္တဝင်တေးသံရှင် တွံတေးသိန်းတန်၏ ကြေးရုပ်တု (၂)နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်ပွဲကို တွံတေးသိန်းတန်ရုပ်တုဖြစ်မြောက်ရေး ကော်မတီနှင့် တွံတေးသိန်းတန် မိသားစုတို့က တွံတေးသိန်းတန်သီချင်းများကို ချစ်မြတ်နိုး၊ ကြိုက်နှစ်ကြသူများအတွက် သတိရ အမှတ်ရကြစေရန် ယနေ့ နံနက် ၈ နာရီက ဓမ္မလင်္ကါရပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက် ၇၃ ဒသမ ၄၁ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်
Jan 12,2022
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ထိ ၇၃ ဒသမ ၄၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ် ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ် အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jan 12,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကလေးငယ်များအား အသိပညာဗဟုသုတ ရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.မ.က(မူလွန်)ဘုရားကြီးကုန်းကျောင်း နှင့် ညောင်ပင်ကြီးကျောင်းများသို့ Mobile Library ဖြင့် ယနေ့ နံနက်ပိုင်းအချိန်တွင် ကွင်းဆင်း ဆောင် ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်သိ ပြည်သူများအား ဂုဏ်ပြုချီးမြှင့်
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် အောင်အောင်တို့အဖွဲ့သည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာ ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ကျင်းပပြုလုပ်သော အကြမ်းဖက်သမားများကို ဝိုင်းဝန်းဖမ်းဆီးပေးသည့် တာဝန်သိပြည်သူ များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့ကြသည်။
ပြင်ဦးလွင်မြို့တွင် နို့စားနွား မွေးမြူရေးသင်တန်း ဖွင့်လှစ် 
Jan 11,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ နို့စားနွား မွေးမြူရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက  ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ မွေးမြူရေးတာဝန်ခံများ တက်ရောက်ကြသည် ။