ဝါးခယ်မမြို့နယ်‌တွင်ပန်းခင်းစီမံချက်ဖြင့် ကမ်းပြိုကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား နှင့်အိမ်ထောင်စု လူဦး‌ရေစာရင်း ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ  ဇန်နဝါရီ ၁၂

ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက်(၈)နာရီက ကမ်းပြိုကျေးရွာ အုပ်စုရှိပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက်ကွင်းဆင်း ဆောင်ရွက်‌ ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲကာ‌ ကမ်းပြိုကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် (၁၁)ဦး၊ အသက် (၁၈)နှစ်ပြည့် (၄၂) ဦး၊ လဲလှယ်(၆)ဦး၊ မိတ္တူ(၂၃)ဦး၊ စုစုပေါင်း (၂၅၀)ဦးနှင့် ပြောင်းရွှေ့ အိမ်ထောင်စု(၂၅၀)စု ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်းသိရသည်။

စောသန္တာဦး(ပြန်/ဆက်)