သတင်းများ

ခါမ်းပါတ်မြို့တွင် မီးဘေးကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပပြုလုပ်
Jan 12,2022
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က မီးဘေးကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပ ခဲ့ကြောင်း သိရသည်။
မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီအချိန်က  ကျင်းပခဲ့ သည်။
မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းပြုလုပ်
Jan 12,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ ဇန်နဝါရီ ၁၂ ရက်နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များက ပူးပေါင်း၍  စာရေးဆရာအောင်သင်းရေးသားထားသည့်  “ကျောင်းသားလူငယ်တွေနှင့် အခြား ဆောင်းပါးများ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၄၁၆)ဦးအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၄၁၆)ဦးအား ယနေ့နံနက် (၈)နာရီ ၃၀ မိနစ်အချိန်က ကြံခင်းမြို့နယ် ရွှေပြည်အေး(၁၁)ထပ် ဘုရားကြီးတန်ဆောင်းအတွင်း ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovace ) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
လောင်းလုံးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 12,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဉာဏ်ဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီ အချိန်က ပြင်ချောင်းကျေးရွာအုပ်စု၊ မြခါးပတ်ကျေးရွာ၊ အ-မ-က ကျောင်း၌ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Covishield )များ ပထမအကြိမ်ထိုးနှံပေး
Jan 12,2022
 မိတ္ထီလာမြို့နယ်အတွင်းရှိရပ်ကွက်ကျေးရွာအုပ်စုများတွင်နေထိုင်ပြီးကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုး ရန်ကျန်ရှိသူများအားယနေ့ ယနေ့ နံနက် ၉ နာရီအချိန်က စတင်ပြီး သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ် များတွင်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Covishield ) များ ပထမအကြိမ် ထိုးနှံပေးကြောင်းသိရသည်။
ကြံခင်းမြို့ လူတုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူတုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်ကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မချမ်း‌ဘော့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jan 12,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ် ဆိုပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။