မချမ်းဘော့ ဇန်နဝါရီ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမနေ့မွန်းလွဲ (၁)နာရီ အချိန် က ကျင်းပဆောင်ရွက်ခဲ့သည်။
ကဗျာရွတ်ဆိုပြိုင်ပွဲကို ကိုဗစ် -၁၉ရောဂါကာကွယ်ရေးစည်း ကမ်းနှင့်အညီဆောင်ရွက်ပြီး မချမ်းဘော့မြို နေကလေးသူငယ်များ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်၊အားလပ်သောအချိန်ကို အကျိုးရှိစွာအသုံးပြုစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
မချမ်းဘော့မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြိုင်ပွဲ၀င် ကလေးငယ်မျာအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု အသီးသီးချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့နှင့်ပတ် သက်သည့်စာအုပ်စာစောင်များ၊ သုတရသ စာအုပ်များ ခင်းကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူများ စိတ်၀င်တစားဖတ်ရှု လေ့လာကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်