သတင်းများ

ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး သူများကို  မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဇရပ်ဆိပ်ကျေးရွာ ဘဝ အလင်းရောင်စာကြည့်တိုက်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် လူမျိုးဘာသာမရွေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိ
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများကလမ်းမ‌ တော်မြို့နယ် အ.လ.က(၁)ကျောင်းတွင် မြို့နယ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသား/သူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ လူမျိုးဘာသာမရွေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်
Jan 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းက ကွီးကျယ်ကျေးရွာသို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် နှိုးဆော်ပေးလျက် ရှိ‌ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ အိမ်ခြေ၃‌၀၀ကျော် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်မီးများ သုံးစတင်သုံးစွဲနိုင်
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိလျှော်ကုန်းကျေးရွာ၊ ပုလဲကူးမြောက ်ကျေးရွာနှင့်အနောက်စုကြီး ကျေးရွာများ၌ အမျိုးသားလျှပ်စစ်မီးရရှိရေး စီမံချက်(ဒုတိယ) အစီအစဉ်ဖြင့်ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ ညနေပိုင်းက အဆိုပါကျေးရွာများ၌ ပြုလုပ်ခဲ့သည်။
လိပ်သိုမြို့တွင်ကိုဗစ်-၁ ၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းများ  ဆောင်ရွက်
Jan 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လိပ်သိုမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါကူး စက်ပြန့်ပွားမှုကို  ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက်     ဒေသနေပြည်သူများ   ကျယ်ကျယ်ပြန့်ပြန့်  သိရှိလိုက်နာကြစေရန်  အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို    ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက  နေ့စဉ်  အရှိန်အဟုန်မပြတ်ဆောင်ရွက် လျက်ရှိရာ ယနေန့နက်ပိုင်းက   ကရင်မြန်မာနှစ်ဘာသာဖြင့်  ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်း  သိရသည်။
ပုလောမြို့နယ်၌ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး Talk Show ပြုလုပ်
Jan 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းတို့ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေး  Talk  Show  ကို ယမန်နေ့  နံနက် (၁၁)နာရီက ပုလောမြို့နယ် Community Centre တွင် ကျင်းပခဲ့သည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးရှင်းလင်း
Jan 12,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ် နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက်  ရပ်ကွက်၊ ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသလို  ပန်းခင်းစီမံချက်အကြောင်းအရာများနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အရေးကြီးပုံများကိုလည်း ရပ်ကွက်၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရ သည်။
မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Center ခန်းမ၌ စာအုပ် မိတ်ဆက်ခြင်း အစီအစဉ်ဆောင်ရွက်
Jan 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ Community Center ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲက စာရေးဆရာ မောင်မောင်ညွန့်လှိုင်၏ ကျွန်မစာတတ်ချင်သည်နှင့် အခြားဝတ္ထုတိုများ စာအုပ်ထဲမှ "မညစ်ပတ်နှင့် ညစ်လျှင်ပတ်တတ်သည်" အား မိတ်ဆက်ခြင်း အစီအစဉ် ဆောင်ရွက်ခဲ့သည်။