ဖျာပုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေး

ဖျာပုံ   ဇန်နဝါရီ   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနသို့ ယနေ့နံနက် ၁၁ နာရီ ချိန်က Mobileစ နစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာအုပ်များ အခမဲ့ငှားရမ်းပေးရာတွင် သုတ/ရသ စာအုပ်များ ပုံပြင်၊ ဝတ္ထု၊ မဂ္ဂဇင်းစာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် စာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်/စာစောင် အသစ်များဖြင့် အပတ်စဉ် လိုက်လံလဲလှယ်၍ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)