Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရေဦးမြို့နယ်လုံးလျှပ်စစ်ဓာတ်အားပြည့်၀စွာသုံးစွဲနိုင်ရေး (RCS -2 Tower) လျှပ်စစ်တာဝါတိုင်အမှတ် -၂ အသစ်တည်ဆောက်
Jan 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာန၏အနီးကပ်ကြီးကြပ်မှု နှင့်အတူ မြို့နယ်လုံးလျှပ်စစ်ဓာတ်အားပြည့်၀စွာ သုံးစွဲနိုင်ရေး (RCS-1, RCS -2 Towers ) လျှပ်စစ်တာဝါတိုင် တည်ဆောက်ခြင်းလုပ်ငန်းကို ဆောက်လုပ်ရေးဦးစီးဌာနရုံး၀င်းပတွင်း၌ ဇန်နဝါရီ ၅ ရက်နေ့မှစ၍ တည်ဆောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် အခြေခံပညာကျောင်းများ၌ သံဓာတ်အားဆေးတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြော
Jan 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ အခြေခံပညာကျောင်းများရှိ Grade-6 မှ Grade-11 အထိ ကျောင်းသား၊ ကျောင်းသူများအား သံဓာတ်အားဆေးတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီမှစ၍ ဆောင်ရွက်ခဲ့ကြောင်း မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်(၄)ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 12,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVISHIELD) ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း(၈၈)ဦးကို ၎င်းဒုတိယအကြိမ် ကာကွယ်ဆေး(SINOVAC)ထိုးနှံသူ စုစုပေါင်း(၄၁၀)ဦးကို ၎င်းအသီးသီး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ အသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီက အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် အသက်(၁၈)နှစ် အထက်နှင့် (၄၀)နှစ်အထိ ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးလျက် ရှိရာ ယမန်နေ့က အသက်(၁၈)နှစ်အထက်နှင့် (၄၀)နှစ်အထိ ရှိသူများအား ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့် အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၁၀)နာရီအချိန်မှ (၁၃)နာရီထိ Sinovac (2 Dose) Second Dose ကို ထိုးနှံသူ(၂၃၀)ဦးနှင့် Covishield First Dose ကို ထိုးနှံသူ(၁၅၄)ဦး စုစုပေါင်း (၃၈၄)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုး ဆော်မှုများဆောင်ရွက်
Jan 12,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲ မြို့နယ်၊ကျောက်ဖြူတောင်ကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေးနှိုးဆော်မှု လုပ်ငန်းကို ယမန်နေ့နံနက်(၉)က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီးအရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့နယ် ကမ်းနီလျှပ်စစ်မြစ်ရေတင် လုပ်ငန်းမှ စိုက်ဧက(၇၅၀)ကျော် အကျိုးဖြစ်ထွန်း နိုင်မည့် (၂၁၃)ကီလိုဝပ် ဆိုလာ ဓါတ်အားပေးစနစ်ဖွင့်လှစ်
Jan 12,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ရှိ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စိုက်ဧက (၇၅၀)ကျော် အကျိုးဖြစ်ထွန်းနိုင်မည့် (၂၁၃) ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ်ကို ယမန်နေ့ နံနက်ပိုင်းက ကမ်းနီလျှပ်စစ်မြစ်ရေတင် ရုံးဝင်းအတွင်း၌ စတင်အသုံးပြု ဖွင့်လှစ်လိုက်ကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကျင်းပ
Jan 12,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် အခြေခံ စက်ချုပ်သင်တန်း(၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21791
Page
21792
Page
21793
Page
21794
Current page
21795
Page
21796
Page
21797
Page
21798
Page
21799
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department