သတင်းများ

ရေဖြူမြို့နယ်တွင် ကိုယ်လက်လှုပ်ရှား အားကစား(Fitness Dance)အက ရိုက်ကူးထုတ်လွှင့်
Jan 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာ ရေးနှင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစား(Fitness Dance)အကအစီအစဉ် ရိုက်ကူးခြင်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့  ကော့ဖမွတ်-ကော့ကစွယ် ကျေးရွာချင်းဆက်လမ်းအား ဂဝံမြေခင်းခြင်း လုပ်ငန်းဆောင်ရွက်
Jan 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှု အဆင်‌ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့‌ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကော့ ဖမွတ်-ကော့ကစွယ် ကျေးရွာချင်းဆက်လမ်းအား ဂဝံမြေခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်ပါ စားသောက်ကုန်များ စျေးကွက်အတွင်း ရောင်းချခြင်း မရှိစေရန် စစ်ဆေးဆောင်ရွက်
Jan 12,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်စည်ပင်သာယာ မြို့မစျေးကြီးအတွင်း စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ်ပါ စားသောက်ကုန်များအား စျေးကွက်အတွင်း ရောင်းချခြင်း မရှိစေရန် ယမန်နေ့ နံနက် ၁၀ နာရီက စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက် များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်းသိ ရ သည်။
ကျိန္တလီမြို့ Community Centre တွင် စာအုပ်ပြပွဲနှင့်ဓာတ်ပုံပြပွဲ ပြုလုပ်ဆောင်ရွက်
Jan 12,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် စာအုပ်ပြပွဲနှင့် ဓာတ်ပုံပြပွဲပြုလုပ် ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့ ၊ ကညင်ချောင်း ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်း ကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင် ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို (၁၀)ရက်နေ့ မှ (၁၁) ရက်နေ့ထိ နှစ်ရက်ကြာ ကညင်ချောင်းကျေးရွာ သာသနာ့မဏ္ဍိုင်ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ Youth Club ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး
Jan 12,2022
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Center)၌ Youth Club ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါစင်တာရှိ အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များလိုက်လံနှိုးဆော်
Jan 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) နှင့်ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းများကို ဝါးခယ်မ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ ကရပ်ကွက်များအတွင်း ယနေ့နံနက် (၁၀)နာရီက လှည့်လည် နှိုးဆော်ခဲ့ကြောင်းသိရသည်။