သတင်းများ

ရှမ်းရွာသစ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်
Jan 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကလေးအလုပ်သမားပ ပျောက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သများနှင့်ပက်သက်သည့် နံရံကပ်စာစောင် ပြသဆောင်ရွက်ထားခြင်းကို ပြန်ကြား ရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 12,2022
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိစေရန် အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်း များက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ယနေ့ နံနက် (၁၀)နာရီက အမှတ်(၄၀)ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားများအား လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်
Jan 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွား များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ)အတွက် လူမှုရေး ပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်းသိရှိရ သည်။
ကျိုက်ဒုံမြို့၌ ပိုးကရင်ဘာသာ၊စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 12,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် (၄) ရပ်ကွက်၌ ဒေသနေပြည်သူများ အား၊ ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုးများကို သတိပြုကာ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinnovac) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 12,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက်(၄၀)နှစ်နှင့် အထက်ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်း ဘုရားလမ်းရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာဗိမာန် တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ပဉ္စမအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Jan 12,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်အထက် ပြည်သူ (၁၇၁၆၀၅) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်
Jan 12,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူများအား ယမန်နေ့နံနက် (၉) နာရီက လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်အထက် ပြည်သူ (၁၇၁၆၀၅) ဦးအား ကာကွယ် ဆေးထိုးနှံပေးခဲ့ပြီးဖြစ်သည်။