မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Hand Speaker ဖြင့် လိုက်လံနှိုးဆော်

မော်လမြိုင်ကျွန်း၊ ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီအချိန်၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေထိုးနှံစေရေးအတွက် မြို့နယ်အတွင်း လှည့်လည် နှိုးဆော်ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ မိမိတို့မြို့နယ်အတွင်း အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက mask ကိုစနစ်တကျတပ်ဆင်ရန်၊ လက်ကို စက္ကန့် ၂၀ ကြာအောင်စနစ်တကျဆေးကြောရန်၊  ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ကြရန်၊ အိပ်ရေးဝအောင်အိပ်၍ အာဟာရ ပြည့်ဝစွာ စားသုံးရန်၊ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား Hand Speaker များဖြင့်လှည့်လည်ကြေညာခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများလည်း မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)