စဉ့်ကိုင်မြို့နယ်တွင် Online ဝန်ဆောင်မှုစနစ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည်တိုက်သို့ မလာရောက်နိုင်သည့်စာဖတ်ပရိသတ် ပြည်သူများနှင့်ကျောင်း သား/ကျောင်းသူ လူရွယ်လူငယ်များအတွက် အသိပညာဗဟုသုတများရရှိ စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန် ရည်ရွယ်၍ Online မှတဆင့် သုတ ၊ ရသ ၊ စာအုပ်စာစောင် မိတ်ဆက်ခြင်းအစီစဉ်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း အစီအစဉ်များနှင့် ဆေးရောင် ခြယ် အစီအစဉ်၊ အရုပ်ခေါက်/ပန်းအလှခေါက်အစီအစဉ်များကို ရိုက်ကူး၍ စဉ့်ကိုင်မြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook Page မှတဆင့်နေ့စဉ်ထုတ်လွှင့်ဝန်ဆောင်မှု ပေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။