စဉ့်ကိုင်မြို့နယ်တွင် Online ဝန်ဆောင်မှုစနစ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

စဉ့်ကိုင်    ဇန်နဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  ပြည်သူ့စာကြည့်တိုက်တွင်   မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည်တိုက်သို့ မလာရောက်နိုင်သည့်စာဖတ်ပရိသတ် ပြည်သူများနှင့်ကျောင်း သား/ကျောင်းသူ  လူရွယ်လူငယ်များအတွက်   အသိပညာဗဟုသုတများရရှိ စေရန်နှင့် အချိန်ကို  အကျိုးရှိစွာအသုံးချတက်စေရန်   ရည်ရွယ်၍  Online မှတဆင့်   သုတ ၊ ရသ ၊ စာအုပ်စာစောင်  မိတ်ဆက်ခြင်းအစီစဉ်၊ ပုံပြောခြင်းကဗျာရွတ်ခြင်း အစီအစဉ်များနှင့်  ဆေးရောင် ခြယ် အစီအစဉ်၊ အရုပ်ခေါက်/ပန်းအလှခေါက်အစီအစဉ်များကို ရိုက်ကူး၍ စဉ့်ကိုင်မြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook  Page မှတဆင့်နေ့စဉ်ထုတ်လွှင့်ဝန်ဆောင်မှု ပေးဆောငရွက်လျက်ရှိ ကြောင်း သိရသည်။

ထို့သို့  ဆောင်ရွက်ပေးရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ    ရုပ်သံကျွမ်းကျင်-၃ဒေါ်အေးအေးသီက စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန် စာရေးဆရာတင်မိုး၏   ‘‘ အမေ့ ကျောင်းကဗျာများ’’  စာအုပ်အား   Online မှ   တဆင့်ဆွေးနွေးတင်ဆက်ခဲ့ပြီး   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံးအနေဖြင့် ပြည်သူဆီသို့ ရှေးရှုသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး နယ်လှည့် စာကြည့်တိုက် စနစ်ဖြင့်လည်း  ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိ ကြောင်းသိရသည်။

ညိုညိုဝင်း