သတင်းများ

ကော့ကရိတ်မြို့၌ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးနည်းလမ်း အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 24,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြည်သူများအနေဖြင့် သိသင့်သိထိုက်သည့်အကြောင်းအရာများ၊ နေ့ထူးနေ့မြတ်များ၊ အသိပေးကြေညာချက်စသည့် အသိပညာပေး နံရံကပ် စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လျှပ်စစ်အန္တရာယ်နှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင် စင်များ(ပထမအကြိမ်) လေလံတင်ရောင်းချ
Jan 24,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ(ပထမအကြိမ်) လေလံတင်ရောင်းချခြင်းကို သီရိရတနာခန်းမ၌ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အပန်းဖြေ လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
ပင်လောင်း၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jan 24,2022
ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ လာရောက်ဖတ်ရှု့ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ဝါသနာရှင်များ၊ ဌာနဆိုင်ရာများအား စာအုပ်စာစောင် ဖတ်ရှုလေ့လာနိုင်ရန် ပိုမို အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် များ ငှားရမ်းပေးမည်ဖြစ်သည်။
ရမ်းဗြဲမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် လူထုအခြပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် ကျင်းပ
Jan 24,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရုံးဝန်ထမ်းများ ဗဟုသုတတိုးပွားပြီး စာအုပ်စာပေများ လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရုံးတွင်းစာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်၊ လက်ရက်ကန်းနှင့် သဘာဝဆိုးဆေး သင်တန်းအားတက်ရောက်ဖွင့်လှစ်ပေး
Jan 24,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင် တန်းကျောင်းမှ ကြီးမှူးဖွင့်လှစ်သော ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်(၁)နှစ်သင်တန်း၊ လက်ရက်ကန်းနှင့် သဘာဝဆိုးဆေး (၆)လသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၁ဝ နာရီက အဆိုပါ သင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင် ရေးစင်တာတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က တက်ရောက်ဖွင့် လှစ်ပေးသည်။
ဒိုက်ဦးမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့်လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်‌ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ​ ပြုလုပ်ပေးနိုင်​ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်း တွင် ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးစိတ်သစ်အိုမီခရွန်သတိပြုကာကွယ်ရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည်အသိပေးနှိုးဆော်
Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့ တွေ့ရှိမှုနှုန်း မရှိစေရန်နှင့် မျိုးရိုး ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်ပိုး သတိပြုကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ လိုက်နာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး စဉ်ဆက်မပြတ် အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဝါတိုးအနောက်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၈နာရီခွဲက ဝါတိုးအနောက် ရပ်ကွက်ကြီးအတွင်း လှည့်လည်အသိပေး နှိုးဆော်ကြောင်း သိရသည်။